Search
Delina Series

The Monument of Love

The Monument of Love

လင်းထိန်နေတဲ့ အဖြူရောင်က ရှင်းသန့်ပြီး အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်တဲ့။ ဒါက ဘယ်သူ့အမြင်လဲဆိုတော့ အိန္ဒိယသမိုင်းမှာ ထင်ရှားတဲ့ မဂိုဘုရင်ကြီး Shah Jahan ရဲ့ အမြင်ပေါ့။ တတိယမြောက် ဇနီးဖြစ်သူ Mumtaz Mahal မီးတွင်းထဲမှာ သေဆုံးသွားတာကို ကြေကွဲပူဆွေးရင်းနဲ့ ဇနီးသည်အပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက်ကြီးမားကြောင်း တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့တယ်။

အဲဒီချစ်ခြင်းမေတ္တာကို လက်တွေ့အကောင်အထည်ဖော်ဖို့ အချစ်ရဲ့သင်္ကေတအဖြစ် သူ့ဇနီး ထာဝရအိပ်စက် အနားယူဖို့ ဂူဗိမာန်ကြီးတခု တည်ဆောက်ပေးဖို့ စိတ်ကူးရခဲ့တယ်။ ဒီဗိမာန်ကြီးကိုလည်း အဖြူရောင် Marble ကျောက်တွေနဲ့ တည်ဆောက်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ ဒါဟာ ကမ္ဘာ့အံ့ဖွယ်(၈)ပါးထဲ အပါအဝင်ဖြစ်ပြီး နတ်ဘုံနတ်နန်းတမျှ ခမ်းနားထည်ဝါလွန်းတဲ့ Taj Mahal အဆောက်အဦး ဗိမာန်ကြီး ဖြစ်လာဖို့ အဓိက အကြောင်းအရာပဲ ဖြစ်ခဲ့ပါတယ်။ Taj Mahal ကြီးထဲမှာပဲ သူလည်းပဲ ဇနီးဘေးမှာ လှဲလျောင်းရင်း သံသရာ သမုဒ္ဒရာကို အတူတူ ကူးဖြတ်ဖို့ပါ တခါတည်း စီစဉ်ခဲ့တော့တယ်။

Taj Mahal ကို ထူးခြားတဲအဖြူရောင်ရှိတဲ့ Marble ကျောက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပြီးတော့ ဒီ Marble ကျောက်တွေကို အိန္ဒိယရဲ့ နာမည်ကြီး ပြည်နယ်တွေထဲက တခုဖြစ်တဲ့ Rajasthan ပြည်နယ်ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ Marble ကျောက်တွေမှာ အလင်းဖောက်နိုင်တဲ့ ဂုဏ်သတ္တိရှိနေပြီးတော့ အဲဒီအစွမ်းကြောင့် Taj Mahal အဆောက်အဦးဟာ တနေ့တည်းမှာတင် အချိန်နဲ့ရာသီဥတုကို မူတည်ပြီး အရောင်သုံးရောင်လောက် ပြောင်းလေ့ရှိပါတယ်။

မနက်ခင်းမှာ ပန်းရောင်ဖျော့ဖျော့၊ နေ့လယ်မှာ အဖြူရောင်တောက်တောက်၊ လရောင်အောက်မှာတော့ ရွှေအိုရောင်။ သုံးရောင်လုံးက ဇနီးသည်ပေါ်ထားတဲ့ သူ့အချစ်ကို ကိုယ်စားပဲပြုနေရသလားတောင် ထင်မိရတယ်။ နူးညံ့ကြင်နာတဲ့အချစ်၊ ရပ်တည်ကာကွယ်ပေးလိုတဲ့အချစ်၊ အေးချမ်းတဲ့အချစ်။ “Monument of Love” လို့ တင်စားကြတဲ့ Taj Mahal ကြီးကတော့ ဘယ်လိုပဲခေတ်တွေပြောင်းပြောင်း ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတခုအဖြစ် ရှိနေဦးမယ် ဆိုတာကိုတော့ နှလုံးသားထဲကနေ ယုံကြည်မိတယ်။

After the death of his beloved wife Mumtaz Mahal during childbirth, the Mughal emperor Shah Jahan was consumed by grief. To preserve his eternal love for her, he built the magnificent Taj Mahal, a timeless monument of love crafted from pure white marble.
The marble, brought from Rajasthan, carries a rare beauty that reflects light in different ways throughout the day. At dawn, the Taj Mahal blushes with a soft pink hue. Beneath the midday sun, it shines in radiant white. Under the moonlight, it glows with a gentle golden warmth. Each color feels like a reflection of love itself, tender, unwavering, and serene.
More than just an architectural wonder, I believe that Taj Mahal remains a silent poem of devotion, standing gracefully through the ages as a symbol of love that never fades.

#DelinaSeries #porcelaintiles #tiles #surfacesthatfeel