Search
Delina Series

သမိုင်းကိုထုဆစ်ခဲ့တဲ့ စကျင်ကျောက်များ

သမိုင်းကိုထုဆစ်ခဲ့တဲ့ စကျင်ကျောက်များ

447 BC ဝန်းကျင်လောက်က စကျင်ကျောက်အဖြူ (white marble) တန်ချိန်ပေါင်း ၂သောင်းကို သန်မာထွားကျိုင်းတဲ့ နွားတွေဆွဲထားတဲ့ လှည်းတွေနဲ့ တင်ဆောင်ပြီး The Acropolis of Athens လို့ခေါ်တဲ့ ရှေးဟောင်းခံတပ်မြို့ကြီးဆီ သွားနေတဲ့ မြင်ကွင်းက အဲဒီခေတ် ဂရိသားတွေအတွက် ခမ်းနားတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့မှာ အသေအချာပါပဲ။

လှည်းတွေပေါ်က စကျင်ကျောက်အဖြူတွေဟာ ပင်တယ်လီကွန်ဆိုတဲ့ တောင်ပေါ်က လိုသလို ဖြတ်ထုတ်လာတဲ့ ကျောက်သားတွေပဲဖြစ်ပြီး Parthenon ဘုရားကျောင်း တည်ဆောက်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။ Parthenon ဘုရားကျောင်းကတော့ အားလုံးသိတဲ့အတိုင်း ဉာဏ်ပညာ၊ စစ်ပွဲမဟာဗျူဟာနဲ့ လက်မှုပညာတို့မှာ စံတင်ရတဲ့ အသီနာ နတ်ဘုရားမ (Athena) အတွက် ဂုဏ်ပြုထားတဲ့ ဘုရားကျောင်းပဲ ဖြစ်ပါတယ်။

ဘာလို့ Marble လဲ။ Marble ရဲ့ ဂုဏ်သတ္တိထဲမှာ သွေးကြောတွေ ဖြာထွက်နေသလို မြေပုံဆန်ဆန် လမ်းကြောင်းတွေနဲ့ အနုပညာမြောက် မျက်နှာပြင် ရှိရုံသာမက လောကဓံကို ကြံ့ကြံ့ခိုင်နိုင်တယ်။ ဒါ့အပြင် အလင်းကိုလည်း လက်ခံတဲ့အတွက် တောက်ပနေတဲ့ ပုံသဏ္ဍာန်နဲ့လည်း အမြဲရှိနေတတ်ပါတယ်။ Marble နဲ့ ဆောက်လုပ်ထားတဲ့ သမိုင်းတွင် ဂန္တဝင် လက်ရာတွေကိုမှ မရေမတွက်နိုင်အောင်ပါပဲ။

အဲ့ဒီထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Parthenon ဘုရားကျောင်းဟာလည်း နှစ်ပေါင်း ၂၀၀၀ လောက်ထိ တည်တံ့နိုင်ခဲ့ပြီးမှ ခေတ်အဆက်ဆက် စစ်ဘေးဒဏ်၊ ရာသီဥတု ဒဏ်တွေကြောင့် အလုံးစုံနီးပါး ပျက်ဆီးခဲ့တာပါ။ ဒါတောင် marble ကျောက်တိုင်တွေပဲ ထိုးထိုးထောင်ထောင်နဲ့ ကျန်နေတော့တဲ့ ဘုရားကျောင်းလက်ကျန်က အခုချိန်ထိကို ခမ်းနားတုန်းပါပဲ။
Around 447 BC, about 20,000 tons of white marble were transported by ox-drawn carts to the Acropolis of Athens; a truly grand sight for the Greeks.
The marble came from Mount Pentelikon and was used to build the Parthenon, a temple dedicated to Athena.
Marble was chosen for its beauty, strength, and light-reflecting quality. The Parthenon stood for nearly 2,000 years before being heavily damaged by war and weather, yet its remaining columns still appear magnificent today.

delinaseries #porcelaintiles #tiles #surfacesthatfeel