လူတွေရဲ့ အတွင်းစိတ် အနက်ရှိုင်းဆုံးနေရာတစ်နေရာမှာ ဆင်စွယ်နန်းတော် တစ်ခုစီ ရှိတတ်ကြတယ်…
ဒါပေမဲ့ အဲဒီ ဆင်စွယ်နန်းတော်တွေက မထိရက်၊ မကိုင်ရက်လောက်အောင် ခမ်းနားကြီးကျယ်မှုကို ကိုယ်စားမပြုပါဘူး။ အလှမ်းဝေးမှုကိုလည်း ကိုယ်စားမပြုဘူး။ ဘာကို ကိုယ်စားပြုလဲဆိုတော့ အနီးဆုံး အရာတွေကိုပဲ ကိုယ်စားပြုတယ်။ သက်တောင့်သက်သာရှိမှုကို ကိုယ်စားပြုတယ်။ တည်ငြိမ်မှုကို ကိုယ်စားပြုတယ်။ ကွန်းခိုရာကို ကိုယ်စားပြုတယ်။
လူတွေက ကိုယ်ပိုင်းစိတ်ပိုင်း ပင်ပန်းနွမ်းနယ်လာကြရင် အဲဒီ ဆင်စွယ်နန်းတော်လေးထဲမှာ လူမသိ သူမသိ နားခိုတတ်ကြပါတယ်။
Somewhere in the deepest chambers of every human heart, there stands an ivory palace of its own.
But these ivory palaces are not symbols of untouchable grandeur, nor do they speak of distance or isolation. Instead, they embody the things closest to us. They are the shape of comfort, of quiet stability, of having somewhere to belong. And when people grow weary, in body or in spirit, they retreat there silently, unseen by anyone else, to rest for a while within those private walls.