Search
Delina Series

အချိန်ကထုဆစ်ထားတဲ့ မျက်နှာပြင်တစ်ခု

အချိန်ကထုဆစ်ထားတဲ့ မျက်နှာပြင်တစ်ခု

အချိန်ရဲ့ တိုက်စားစီးဆင်းမှုကို ခံနိုင်တဲ့ အရာဆိုတာ ဒီကမ္ဘာမှာ မရှိပါဘူး။ အရာအားလုံးက တစ်ချိန်ချိန်မှာ ပြိုကွဲပျက်စီး သွားကြရမှာပဲ မဟုတ်လား။ ဒါပေမဲ့ ကာလ အတိုင်းအတာ တစ်ခုအထိ ကြံ့ကြံ့ခံနိုင်တဲ့ အရာတွေတော့ ရှိတယ်။ အဲဒီအရာတွေထဲမှာ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အရာတွေ များပါတယ်။ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ သတိရမှု၊ နာကြည်းမှု၊ ကြေကွဲမှု စတာတွေရယ်ပေါ့။
အချိန်ကို သိပ်ဂရုမစိုက်တဲ့ ထိတွေ့ကိုင်တွယ်လို့ ရနိုင်သူတွေလည်း ရှိနေတယ်။ အဲဒီထဲမှာ မျက်နှာပြင်တွေလည်း ပါတာပေါ့။ တချို့ မျက်နှာပြင်တွေကို ကြည့်ရတာ အချိန်ကိုယ်တိုင်ရဲ့ ထုဆစ်မှုကို ခံယူထားသလိုပဲ။ ဆယ်စုနှစ်ပေါင်းများစွာကို အေးအေးလူလူ ဖြတ်သန်းဖို့ လုံလောက်တဲ့ ခံနိုင်ရည်ရှိမှုနဲ့ အံဝင်ခွင်ကျဖြစ်မှုတွေ သူတို့မှာ ရှိနေတယ်လေ။

Nothing in this world can withstand the eroding flow of time. Everything, after all, must crumble and decay at some point, must it not?
Yet, there are things that endure, holding their ground against the sweeping ages. Most of them are intangible, beyond the reach of human touch. They are love, attachment, remembrance, resentment, and heartbreak.
Conversely, there are tangible things that seem utterly indifferent to the passage of time. Among them are certain surfaces. To look at these surfaces is to see them as though they were sculpted by Time itself. They possess an innate resilience, a perfect harmony, allowing them to drift through decades with effortless grace.

delinaseries #porcelaintiles #tiles #surfacesthatfeel