Search
Delina Series

ကြွေထည် မြေထည်အစ QING DYNASITY က

ကြွေထည် မြေထည်အစ QING DYNASITY က

သာယာတဲ့ နေ့လေးတစ်နေ့မှာ ပြတင်းပေါက်နားက စားပွဲမှာတင်ထားတဲ့ ကြွေပန်းအိုးလေးကို ကြည့်ရင်း ဒီပန်းအိုးလေး ဘယ်ကများ မျက်စိလည်ပြီး ရောက်လာသလဲလို့ တွေးကြည့်ဖူးလား..
ပန်းအိုးလေးရဲ့ ခရီးရှည်ကြီးကိုပေါ့။ ပန်းအိုးလေး ဖြတ်သန်းခဲ့ရတဲ့ သမိုင်းမှတ်တမ်းကြီးကိုပေါ့။

ပန်းအိုးလေးတစ်လုံးက စလို့ ကြွေထည်၊ မြေထည် ပစ္စည်းတွေရဲ့ အသုံးဝင်မှုက လူ့အဖွဲ့အစည်းအတွက်တော့ အံ့မခန်းပါဘဲ။ ကြွေထည်လို့ ကြားလိုက်တာနဲ့ လူတွေက ခမ်းနားတယ်လို့ ထင်တတ်ကြတယ်။ တကယ်လည်း သူတို့အထင်က မမှားပါဘူး။ ကြွေထည်တွေဟာ လူ့ယဉ်ကျေးမှု အလုံးစုံ မဖွံ့ဖြိုးခင် ဟိုးလွန်ခဲ့တဲ့ နှစ်သောင်းချီထဲက စတင်ခဲ့ပြီးတော့ အစောဆုံးတွေ့ရှိခဲ့တဲ့ Ceramic ပစ္စည်းအဖြစ် ရေခဲခေတ်နှောင်းပိုင်း 18,000 BC ဝန်းကျင် တရုတ်ပြည်မှာ တူးဖော်ရရှိခဲ့တဲ့ အိုးခြမ်းပဲ့ အပိုင်းအစလေးတွေကို ယူဆကြပါတယ်။

Ceramic တွေကို Song, Yuan နဲ့ Ming မင်းဆက်တွေတည်းက တရုတ်ပြည်မှာ ထင်ရှားစွာ အသုံးပြုလာကြပြီးတော့ သူ့ရဲ့ Peak ကာလကတော့ Qing မင်းဆက်မှာ ရောက်ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ကြွေထည်အိုးတွေရဲ့ အရောင်အစုံဆုံး၊ အနုပညာအရည်အသွေး အမြင့်ဆုံး၊ ခမ်းနားတဲ့ ပန်းချီလက်ရာတွေနဲ့ပါ အပေါင်းစပ်ခဲ့ဆုံးကာလက Qing မင်းဆက်အုပ်စိုးခဲ့တဲ့ ကာလမှာပါ။

ဒါ့အပြင် တရုတ်ပြည်ရဲ့ Jingdezhen မြို့က Qing မင်းဆက်လက်အောက်မှာ ကမ္ဘာ့ ကြွေထည်မြို့တော် ဖြစ်ခဲ့ပြီး မြို့ရဲ့ထုတ်ကုန် ကြွေထည်တွေကို ဉရောပ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဂျပန်တို့ကိုပါ ဂုဏ်ယူစရာ လက်ရာတစ်ခုအဖြစ် ရောင်းချခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ‌ရှေးဟောင်း ယဉ်ကျေးမှုတွေကို ဖော်ထုတ်တဲ့အခါမှာ နှစ်ပေါင်းထောင်ချီ အထားခံတဲ့ ကြွေထည်ပစ္စည်းတွေကလည်း တန်ဖိုးထားဖွယ် အမွေအနှစ်တွေပါပဲ။ Qing မင်းဆက်အောက်မှာ ထွက်ခဲ့တဲ့ Ceramic လက်ရာတွေဟာ အခုချိန်မှာတော့ လေလံပွဲတွေမှာ ဒေါ်လာသန်းချီတန်တဲ့ ပစ္စည်းတွေ ဖြစ်လာပါတယ်။

Delina Series မှာ ရနိုင်တဲ့ ကျောက်ပြားတွေကလည်း Qing မင်းဆက်က အရည်အသွေးမြင့် အနုပညာလက်ရာ ကြွေထည်တွေကို Inspire ယူထားတာမို့ သင့် အဆောက်အဦးနဲ့ အိမ်နေရာတွေကို ခေတ်တစ်ခေတ်ဆီ အရောက်ခေါ်သွားပေးမှာပါ။

Every ceramic begins with a story.

From the earliest pottery fragments discovered in ancient China to the magnificent masterpieces of the Qing Dynasty, ceramics have carried the legacy of human civilization across thousands of years. Refined through time, they became symbols of artistry, elegance, and enduring craftsmanship.

Inspired by the timeless beauty of Qing Dynasty ceramics, the Delina Series brings that rich heritage into modern spaces, where every surface reflects history, every detail embodies artistry, and every tile tells a story that lives on.

delinaseries #porcelaintiles #tiles #surfacesthatfeel