Search
Delina Series

မိုက်ကယ်အန်ဂျလိုရဲ့ ကမ်းလက်

မိုက်ကယ်အန်ဂျလိုရဲ့ ကမ်းလက်

ဥရောပရဲ့ နေရောင်အရဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံမှာ “Tuscany” ဆိုတဲ့ ဒေသလေးတစ်ခုရှိပါတယ်။ Tuscany မှာ ဘာတွေများ ရှိလဲလို့ မေးလာတဲ့အခါ မြို့တွေရှိတယ်လို့ပဲ အကြမ်းဖျဉ်း ဖြေရမှာပါ။ ကဲ..ဟုတ်ပြီ။ ဒါဆို ဘယ်လိုမြို့တွေလဲ? Florence မြို့အပါအဝင် ကမ္ဘာ့ ယဉ်ကျေးမှုနဲ့ ဗိသုကာသမိုင်းမှာ ခမ်းနားထည်ဝါစွာ ပါဝင်ခဲ့တဲ့ မြို့တွေက Tuscany ဒေသလေးမှာ ရှိနေပါတယ်။ Tuscany ဒေသဟာ အမှောင်ကျနေတဲ့ လူ့သမိုင်းကို အလင်းဘက်ခြမ်းအထိ တစ်ဆစ်ချိုး ပြောင်းပြန်လှန်ပစ်လိုက်ပြီး လူသားယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကာလတစ်ခုလို့ ပြောလို့ရတဲ့ Renaissance ခေတ်ရဲ့ အရေးပါတဲ့ ဒေသပဲ ဖြစ်ပါတယ်။ Tuscany ဒေသရဲ့ အသွေးအသားတွေကတော့ ဗိသုကာလက်ရာတွေလို့ ပြောရင် မှားမယ်မထင်ပါဘူး။ အဲဒီ အသွေးအသားတွေကို ဖွဲ့စည်းဖြစ်တည်စေခဲ့တဲ့ လူတစ်ယောက်က Michelangelo Buonarroti ဆိုတဲ့ ပုဂ္ဂိုလ်ပါ။

သူပန်းချီဆွဲတယ်။ ပန်းပုထုတယ်။ ကဗျာရေးတယ်။ ခန္ဓာဗေဒကို လေ့လာဖို့ အလောင်းတွေကို ခွဲစိတ်တယ်။ နောက်ပြီးတော့ အံ့ဩမှင်သက်စရာကောင်းတဲ့ အနုပညာလက်ရာတွေကို ချန်ထားရစ်ခဲ့တယ်။ Michelangelo က အစွဲအလမ်းကြီးသူ တစ်ယောက်လည်း ဖြစ်တယ်။ အကောင်းစား ကျောက်သားကျောက်စိုင်တွေကို သူသိပ်စွဲလမ်းတယ်။ သူ့ရဲ့ Masterpiece ပန်းပုလက်ရာတွေကို ထုဆစ်ဖို့ ကျောက်ရွေးချယ်တဲ့ နေရာမှာ သက်ရှိတစ်ခုအလား ထင်မှတ်မှားရတဲ့အထိ သက်ဝင်လှပ မာကျောကြံ့ခိုင်နေတဲ့ Carrara Marble တွေကို ဦးစားပေး ရွေးချယ်လေ့ရှိတယ်။ ရွေးချယ်တဲ့နေရာမှာလည်း Carrara Marble တွေရှိတဲ့ Tuscany က Apuan Alps တောင်တန်းကြီးတွေအထိ သူကိုယ်တိုင် ခြေဆန့်လေ့ရှိပြီး ကျောက်သားတွေကို ဘယ်လိုစနစ်တကျ ဖြတ်ထုတ်ရမလဲ၊ ဘယ်လိုကိုင်တွယ်ရမလဲကအစ အလုပ်သမားတွေကို ကိုယ်တိုင် ညွှန်ကြားတယ်။ Carrara Marble နဲ့ သူနဲ့က Artist တစ်ယောက်နဲ့ အဲ့ဒီ Artist ကို အနုပညာလက်ရာတွေ ဖန်တီးဖြစ်ဖို့ လှုံ့ဆော်ပေးတဲ့ Muse ချောချောလေး တစ်ယောက်လိုပါပဲ။ Carrara Marble ကို အသုံးပြုပြီး Michelangelo ဟာ အလွန်လက်ရာမြောက် ခမ်းနားတဲ့ ဂန္တဝင်ပန်းပုလက်ရာတွေဖြစ်တဲ့ David, Pietà, Moses တို့ကို ဖန်တီးခဲ့ပါတယ်။

Michelangelo ရဲ့ အသွေးအသားတွေ စိမ့်ဝင်နေတဲ့ Carrara Marble “Poise I-VI” တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ အဆောက်အဦးတွေကို ပိုခမ်းနားစေချင်တဲ့ သူတွေအတွက် Delina Series မှာ ဝယ်ယူရရှိနိုင်ပါတယ်။

Tuscany, in central Italy, is home to historic cities like Florence and played a central role in the Renaissance, shaping European art and culture.
Michelangelo, a renowned architect in Renaissance era, had a deep passion for Carrara marble, often traveling to the Apuan Alps in Tuscany to personally select the finest stone. Using this marble, he produced legendary sculptures such as David, Pietà and Moses.

Now, Carrara Marble (Poise I–VI) is available at Delina Series; bring Renaissance elegance to your spaces.

delinaseries #porcelaintiles #tiles #surfacesthatfeel