လျှို့ဝှက်ဆန်းကြယ်ခြင်းမှာ အလှတရားတွေရှိတယ်။ လျှို့ဝှက်တဲ့အရာတွေကို လူတွေ အဖြေသွားရှာဖို့ ကြိုးစားလိုက်တဲ့အခါ အဲဒီအလှတရားတွေက ကွယ်ပျောက်သွားတတ်တယ်။ ဒါကြောင့်မို့ လှနေတဲ့အရာတွေကို ကိုယ့်ရဲ့သိချင်တဲ့ အတ္တစွဲ ဆန္ဒတခုကို ရှေ့တန်းတင်ပြီး မဖျက်ဆီးပစ်ဘဲ ဒီတိုင်းလေးပဲ ထားလိုက်တာ အကောင်းဆုံးပါပဲ။
အချစ်က လျှို့ဝှက်ဆန်းကြယ်တယ်၊ လူတွေရဲ့ ကိုယ်စီကိုယ်စီ ဘဝတွေဟာလည်း လျှို့ဝှက်ဆန်းကြယ်တယ်၊ တိုက်ဆိုင်မှုတွေဟာလည်း တန်ခိုးရှိတဲ့ တစ်စုံတစ်ရာက စေစားလိုက်သလိုမျိုး လျှို့ဝှက်ဆန်းကြယ်တယ်၊ အဲ့လိုပဲ မျက်နှာပြင်တွေကလည်း လျှို့ဝှက်ဆန်းကြယ်တယ်။ လျှို့ဝှက်ဆန်းကြယ်မှုကိုယ်တိုင်ကိုက အလှတရား တစ်ခုပဲ ဖြစ်ပါတယ်။
There is beauty in mystery. When people try to seek answers to things that are meant to remain mysterious, that beauty can sometimes disappear. That is why, rather than destroying beautiful things by putting our own curiosity and desire to know first, perhaps it is best to simply leave them as they are.
Love is mysterious. Each person’s life is mysterious in its own way. Coincidences are mysterious too, as though they were orchestrated by some unseen and powerful force. In the same way, surfaces are mysterious. Mystery itself is a form of beauty.